အရုဏ်ဦးပွဲတော် ရန်ကုန် ၂၀၁၈

နိုဝင်ဘာလ ၁၀ - ၁၉ ရက်

David Foster နှင့် သူငယ်ချင်းများ၊ စင်္ကာပူမှ Metropolitan Festival Orchestra နှင့် အတူတကွ ဖျော်ဖြေမည့် Katherine Jekins၊ Michal Bolton တို့ကဲ့သို့သော အနုပညာ၊ တေးဂီတနှင့် အကနယ်ပယ်မှ နိုင်ငံတကာတွင် လူသိများ ကျော်ကြားသူ အများအပြား အဓိကပါဝင်အားဖြည့်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံး အနုပညာ၊ ယဉ်ကျေးမှုနှင့် လူနေမှုဘဝပုံစံ ပွဲတော်ကို နိုဝင်ဘာလတွင် ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ပါသည်။

ပွဲတော်ကာလ ၁၀ ရက်အတွင်း ရန်ကုန် အရုဏ်ဦးပွဲတော် ၂၀၁၈ သည် အနုပညာမှတဆင့် ထွန်းသစ်စမြန်မာ့လူ့အဖွဲ့အစည်း အတွက် လန်းဆန်းတက်ကြွမှုအသစ်များကို ခံစားစေနိုင်မည့် ယဉ်ကျေးမှုအမိုးတစ်ခုတည်းအောက်ရှိ ဂီတ၊ အနုပညာ လက်ရာ များနှင့် အကတို့ကို ပျော်ဝင်ခံစားစေရင်း ဝင်ရောက် ဆင်နွှဲသူ ၁၀ဝ၀ဝ၀ ကျော်ကို ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။

ဆန်းသစ်ပြီး ခမ်းနားကြီးကျယ်သည့် ယဉ်ကျေးမှုပွဲတော်ကြီးကြောင့် အတွေ့အကြုံအသစ်များ ရရှိနိုင်မည်ဖြစ်သလို မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များလာရောက်လည်ပတ်မှုကိုလည်း တိုးပွားစေမည်ဖြစ်ပါသည်။ ရန်ကုန် အာရုဏ်ဦးပွဲတော် ၂၀၁၈ သည် -

  • ပြည်တွင်းနှင့် ပြည်ပရင်းနီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်း၊
  • မြန်မာနိုင်ငံအတွင်းသို့ ကမ္ဘာလှည့် ခရီးသည်ဝင်ရောက်မှုအရေအတွက်ကို တိုးတက်လာစေခြင်း၊
  • ဒေသတွင်းနှင့် နိုင်ငံတကာရပ်ဝန်းတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို တိုးတက်စေခြင်း၊
  • မြန်မာနိုင်ငံသားတို့အတွက် အခွင့်အလမ်းနှင့် အတွေ့အကြုံများကို ကျယ်ပြန့်စေခြင်း၊
  • အနုပညာနှင့် ဖျော်ဖြေရေးလုပ်ငန်းတို့ဖြင့် အသက်မွေး ဝမ်းကြောင်း ပြုသူ မြန်မာနိုင်ငံသားအနုပညာရှင်တို့အတွက် နိုင်ငံတကာတွင် အောင်မြင်ကြော်ကြားစွာ ရပ်တည်လျက်ရှိသည့် အနုပညာရှင်တို့နှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါမည်

မြန်မာအစိုးရ၊ ပွဲစီစဉ်သူနှင့် ပါတနာတို့အနေဖြင့်လည်း ပြည်သူလူထုအား ပူးပေါင်းပါဝင်စေခြင်းဖြင့် ပိုမိုထက်သန်သော ဒေသတွင်းအဖွဲ့အစည်းစိတ်ဓါတ်ကို ဖြစ်ပေါ်စေမည့် ပွဲတော်မှ စီးပွားရေးနှင့် ပညာရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိနိုင်စေမည် ဖြစ်ပါသည်။

ရန်ကုန် အရုဏ်ဦးပွဲတော် ၂၀၁၈ အောင်မြင်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လိုက်ပါ

{lay Video} View Gallery